ကလေးဝ ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ပတ်ဝန်းကျင်ထိန်းရေးဦးစီးဌာနရုံးမှ "ပတ်ဝန်းကျင်သာယာလှပစေဖို့ ပလတ်စတစ်အမှိုက်ကင်းစင်ရေးဆောင်ရွက်စို့" ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းရေးဦးစီးဌာနရုံး ဦးစီးအရာရှိ ဦးရာဇာဝင်းက အမှိုက်အမျိုးအစားများအလိုက် ခွဲခြားစွန့်ပစ်ရမည့် ပုံးအရောင်များအား ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား ကျောင်းသူများနှင့်အတူ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်မှုစနစ်အား လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲသို့ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး၊ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း၊ လက်တွေ့ ပါဝင်သရုပ်ပြသသည့် ကျောင်းသား ကျောင်းသူများအား (Notebook) များ လက်ဆောင်ပေးအပ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)