တွံတေးမြို့နယ်၌ (တတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

တွံတေး ဇွန် ၂၃

ရန်ကုန်တိုင်ဒေသကြီး၊တွံတေးခရိုင်၊ တွံတေးမြို့နယ် ရက် ၁၀၀ စီမံချက်ဖြင့် ရန်ကုန်ပါဒကျေးရွာအုပ်စု တွံတေးမွေးမြုရေးဇုန် - စံပြမြိုင်ကျေးရွာကြား ဇောတိလမ်းဘေးဝဲယာတွင်၂၀၂၆ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေစေရေးအတွက် ယနေ့နံနက် ၇ နာရီခွဲအချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးထွန်အာကာနှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်းအင်အား (၃၅၀) ဦးဖြင့် မန်ဂျန်ရှား (၇၀၀) ပင်၊ စိန်ပန်း (၃၀၀)၊ ပျဥ်းမ (၂၀၀) ပင် စုစုပေါင်း (၁၂၀၀) ပင်တို့ကို စိုက်ပျိုးခဲ့ကြပြီး တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)