ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်ပို့ချ

ဇီးကုန်း ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ဥပဒေရုံးမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) အား ယမန်နေ့နံနက်ပိုင်းက သင်ကြားပို့ချခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်တင့်တင့်ဝေက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ သိထားသင့်သော ဥပဒေအကြောင်းအရာနှင့် လုပ်ပိုင်ခွင့်များ၊ လောင်းကစားဥပဒေနှင့် သက်ဆိုင်သောအကြောင်းအရာများ၊ အုပ်ချုပ်ရေးမှူးများ၏ လုပ်ပိုင်ခွင့်နှင့် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပို့ချပေးခဲ့သည်။

အဆိုပါ သင်ကြားပို့ချမှုအား ဇွန်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိမြို့နယ်ဥပဒေအရာရှိမှ ပို့ချသွားမည်ဖြစ်ပြီး၊ ရပ်ကွက်ကျေးရွာ (၃၄) အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)