ပုသိမ် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော အဆိုပါ စာစီစာကုံးပြိုင်ပွဲအား တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်မှ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၄၅)ဦးတို့က "အမျိုးသမီးများ၏စွမ်းပကား နိုင်ငံတော်၏အင်အား"၊ "ကျား၊ မတန်းတူ ညီမျှရေး အားလုံးဝိုင်းဝန်းလက်တွဲပေး"၊ “နိုင်ငံတော်ရည်ရှည်ဖွံ့ဖြိုးဖို့ အမျိုးသမီးကဏ္ဍ မြှင့်တင်စို့” စသည့် ခေါင်းစဥ်များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး ဒေါ်သက်သက်ဆွေနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)