လပွတ္တာမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

လပွတ္တာ ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၈း၃၀) အချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လပွတ္တာခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအုပ်ကြီး ဒေါက်တာဝတ်ရည်လှိုင်တို့က အဖွင့်မှာစကား‌ပြောကြားခဲ့ပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူငယ်စကားဝိုင်းကျင်းပရ​ခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ကျောင်းသားနှင့် တာဝန်၊ကျောင်းသားနှင့် ကျန်းမာရေးနှင့်စိတ်တွင်စွဲမြဲနေသော ဆရာများ၏သြဝါဒများ ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)