လပွတ္တာမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

လပွတ္တာ ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မြန့်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက လပွတ္တာမြို့ အမှတ်(၄)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊အတွင်းရေးမှူး ဒုရဲမှူးကြီးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အငြိမ်းစားဝန်ထမ်းများကို အဆာပြေပေါင်မုန့်နှင့် ရေသန့်ဘူးများပေးအပ်ခြင်း၊ လပွတ္တာ(၃)မိုင်မြို့ ခုတင် (၂၀၀) ဆေးရုံအုပ်ကြီး Dr သီတာအောင်နှင့် ကျန်းမာရေး ဝန်ထမ်းများမှ အငြိမ်းစားဝန်ထမ်းကြီးများကို အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးနေမှုများနှင့် စည်ပင်သာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဆန်ကုန်သည်၊ ဆီကုန်သည်ကြီးများအသင်းတို့မှ သက်သာသောဈေးနှုန်းများဖြင့် ဆန်၊ ဆီ၊ ဝက်သားနှင့် စားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှအငြိမ်း စားဝန်ထမ်းများကို စမတ်ကတ် အခမဲ့ဆောင်ရွက်ပေးမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)