ကြံခင်းမြို့နယ်ရုံး၌ စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့်ပူးပေါင်း၍ “လူငယ်တွေကို လမ်းဖွင့်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန် ၂၀ ရက်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club, Women Club အဖွဲ့များနှင့် ပူးပေါင်း၍ စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားသော “လူငယ်တွေကို လမ်းဖွင့်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းများကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ဆရာ ဦးမြတ်ထွန်း (ရာဇာငယ်ကနောင်) Book Club အဖွဲ့ဝင်က စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားသော “လူငယ်တွေကို လမ်းဖွင့်ပေးပါ ” စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဦးအေးနိုင်၊ ဦးကျော်နိုင်ဝင်းတို့က “အားနည်းချက်လား အားသာချက်လား”၊ “တန်ဖိုး သတ်မှတ်နိုင်ပါစေ” ၊ Women Club အဖွဲ့ဝင် ဒေါ်ဆန်းဆန်းသစ်၊ ဒေါ်နီနီအေး၊ ဒေါ်မိခိုင်၊ ဒေါ်စန်းစန်းမြင့်တို့က မိမိတို့ကြိုက်နှစ်သက်ရာခေါင်းစဉ် အသီးသီးဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)