အိမ်မဲမြို့တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပတ်များထုတ်ပေး

အိမ်မဲ ဇွန် ၂၂

နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Unique ID နံပတ်ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးက ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၏ပညာ့ဗိမာန်ခန်းမ၌ ဆောင်ရွက်ပေးသည်။

ဦးစွာ မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်း စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများအား မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များက ကျောင်းသား/ သူများအား ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသက်(၁၈)နှစ် ပြည့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်မရရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ် ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ UID ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးက ဧပြီ ၂၀ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ ဆောင်‌ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)