၂၀၂၆ -၂၀၂၇ ခုနှစ် မိုးရာသီကော်ဖီပင်စိုက်ပျိုးပွဲနှင့် ကော်ဖီပျိုးပင်ပေးအပ်ပွဲအခမ်းအနား မြန်အောင်တွင်ပြုလုပ်

မြန်အောင် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆ - ၂၀၂၇ ခုနှစ် မိုးရာသီ ကော်ဖီပင်စိုက်ပျိုးပွဲနှင့်ကော်ဖီပျိုးပင်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ ဂူကိုးလုံးဘုန်းကြီးကျောင်း ကျွန်းစိုက်ခင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြန်‌အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့၊ ခရိုင်‌မြေစာရင်း ဦးစီးဌာနမှူး ဦးမြင့်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းစိုးဦး၊ ဦးမြင့်နိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များက ညောင်မြစ်ဆွဲကျေးရွာအုပ်စုမှဒေသခံများအား ကော်ဖီပျိုးပင်များပေးအပ်ခဲ့ပြီး ကော်ဖီပင် (၂၅၀) ကိုစိုက်ပျိုးခဲ့ကြသည်။

မြန်အောင်မြို့နယ်အတွင်း ကော်ဖီသီးနှံကို ၂၀၂၃ ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (Robasta) မြေပြန့်ကော်ဖီမျိုးကို ယခုနှစ်တွင်အပင် (၃၀၀၀၀) ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အထိ ကော်ဖီပျိုးပင် (၅၀၀၀) ဖြန့်ဝေစိုက်ပျိုးပြီး‌ကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)