ဘိုကလေး ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သစ်တိုချောင်းကျေးရွာအုပ်စု၊ ဓမ္မာရုံတွင် ဇွန် (၂၁) ရက် ညနေ (၃) နာရီအချိန်က တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒေသခံအမျိုးသမီးများအား အမျိုးသမီးများအပေါ် ကာကွယ်ပေးထားသည့် အခွင့်အရေး၊ ဥပဒေဆိုင်ရာများအား ဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
ဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်ဝင်းလှိုင်၊ မြို့နယ်ဥပဒေရုံး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့မှတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဌ ဒေါ်ခိုင်သီတာမြင့်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောင့်ရေး အသင်းဝင်များတက်ရောက်ကြပြီး တာဝန်ရှိသူများက ဟောပြောပွဲတက်ရောက်လာကြသည့် ဒေသခံအမျိုးသမီးများအား အမျိုးသမီးများဆိုင်ရာ ကာကွယ်ပေးထားသည့် အခွင့်အရေးဥပဒေများ၊ တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှု၊ သွေးဆောင်ဖြားယောင်း ခိုးယူမှုများကို ကာကွယ်စောင့်ရှောက်နိုင်ရေးကိစ္စရပ်များကို အသီးသီးဟောပြောကြကြောင်းနှင့် ဟောပြောပွဲသို့ ဒေသခံအမျိုးသမီး (၁၈၀) ဦးတက်ရောက်ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)