ကန်ကြီးထောင့်မြို့နယ်၌ အရန်သားဖွားဆရာမများ လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ကန်ကြီးထောင့် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ အရန်သားဖွားဆရာမများ လုပ်ငန်း ဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယ‌နေ့နံနက်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇေယျက အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများအား ရိုက်ကူးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြိုနယ်အတွင်းရှိ အရန်သားဖွားဆရာမ (၄၂)ဦးအား သင်တန်းဆရာ၊ ဆရာမ (၅)ဦးတို့က “အရန်သားဖွားများအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား စောင့်ရှောက်ပုံ/နည်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် အာဟာရရက်သတ္တပတ်လုပ်ငန်းများတွင် ကူညီဆောင်ရွက်ခြင်းများ၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကူးစက် ရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်များအား စောင့်ရှောက်ပုံ/ နည်းများ”စသည့် အကြောင်းအရာများကို ဇွန် ၂၂ ရက်‌နေ့မှ ၂၆ ရက်နေ့အထိ သင်ကြား‌ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)