ကြံခင်း ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊မြောက်မြန်အောင်ကြိုးဝိုင်း အကွက်အမှတ်(၂၄)၌ ပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ်အနေဖြင့် ယမန်နေ့နံနက်ပိုင်းက ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးသစ်ပင်များအား (တတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်း ဦးဆောင်၍ ဘိနယ်မြေအသီးသီးမှ တောခေါင်း၊ တောကြပ်နှင့်ဝန်ထမ်းများ၊ ခုံကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းဆွေဦးနှင့် ဒေသခံပြည်သူများက စုပေါင်း၍ ကျွန်း ၉၆၀ ပင်၊ ပျဉ်းကတိုး ၁၀၀ ပင်၊ မဟော်ဂနီ ၅၀ ပင်၊ မန်ဂျန်ရှား ၅၀ ပင်နှင့် ယူကလစ် ၅၀ ပင် စုစုပေါင်း ၁၂၁၀ ပင်တို့အား သတ်မှတ်နေရာအသီးသီး၌ တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးကာ ဒေသခံပြည်သူများ စိုက်ပျိုးနေမှုများအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)