ပေါင်မြို့နယ်၌ သဘာဝတောများမှ ထင်းအစားထိုးစွမ်းအားမြှင့် မီးဖိုများတိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ပေါင် ဇွန် ၂၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သဘာဝတောများမှ ထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများ တိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြော ပွဲကို ယမန်နေ့နံနက်ပိုင်းက အထက(ကျွဲခြံ) ကျောင်း၌ ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးနှင့်ဝန်ထမ်းများ၊ အထက (ကျွဲခြံ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်း‌ဌေးနှင့်ဆရာမများ၊ ကျောင်းသား၊‌ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးက သဘာဝတောများမှ ထင်းအစားထိုးစွမ်းအားမြှင့် မီးဖိုများတိုးချဲ့သုံးစွဲရေး၊ တရားမဝင် သစ်လျော့နည်းပပြောက်ရေးစသည့် အ‌ကြောင်းအရာများကို ဟောပြော‌ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ တောအုပ်ကြီး ဦးဇော်လွင်ဦးမှ ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် သဘာဝတောများမှ ထင်းအစားထိုးစွမ်းအားမြှင့် မီးဖိုများတိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)