ဟုမ္မလင်း ဇွန် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမကဏ္ဍမှ ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးအတွက် ဟုမ္မလင်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က မွေးမြူရေးလုပ်ငန်းခွင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများကို ဟုမ္မလင်းမြို့၊ နောင်ဖွတ်မော်၊ စိုက်/သမဝါယမအသင်းမှ အသင်းသားများ မွေးမြူထားသည့် ဦးလင်းထိုက်စိုး၏ အသားတိုးကြက်ကောင်ရေ (၁၀၀၀)၊ ဒေသဝက်ကောင်ရေ (၃၀) နှင့် ဒေသကြက်ကောင်ရေ (၃၉၀)၊ ဦးဂျိုးဇက်မှအသားတိုးကြက်ကောင်ရေ (၃၀၀)၊ ဦးဆားနွမ်းမှ အသားတိုးကြက်ကောင်ရေ (၅၀၀)၊ ဦးရာပေါ့မှအသားတိုးကြက်ကောင်ရေ (၅၀၀) တို့အားစနစ်တကျမွေးမြူထားကြောင်း သိရသည်။
အဆိုပါ ဟုမ္မလင်းမြို့နယ်အတွင်း သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမကဏ္ဍမှ ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော ဟုမ္မလင်းမြို့၊ နောင်ဖွတ်မော်၊ စိုက်/ထွေသမဝါယမအသင်းသားများ၏ မွေးမြူရေးလုပ်ငန်းများသို့ စနစ်ကျသောမွေးမြူရေးလုပ်ငန်းဖြစ်စေရန်၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိဦးအယ်လ်ဘီးပိုင်နှင့် မွေးမြူရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန္ဒာဝင်းတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)