ကသာ ဇွန် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးအသစ်များ ပြန်လည်ရွေးချယ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီမှစ၍ နေရာအသီးသီးတွင် ရွေးချယ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ပြန်လည်ရွေးချယ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဆင့်ဆင့်သောအဖွဲ့များဖွဲ့စည်း၍ စိစစ်ရွေးချယ်ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြသည်။
ယနေ့တွင် ကသာမြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) အုပ်စုတို့တွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ဆောင်ရွက်လျက်ရှိကြကြောင်း သိရှိရသည်။
ကျော်စွာ(ကသာ)