မော်လိုက်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

မော်လိုက် ဇွန် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌဖလား ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို  ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကာ်မ‌တီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက ပိုက်ကျာ်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး စစ်ကြောင်းမှူးဦးဆောင်၍ အားကစားသမားများက သစ္စာအဓိဋ္ဌာန်များကို ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် နွေရာသီအားကစားသင်တန်းဆင်း သင်တန်းသူများက အေရိုးဗစ်နှင့် Fitness Dance ဖြင့် ကပြဖျော်ခဲ့ကြပြီး တာဝန်ရှိသူများက ဘင်ခရာတပ်ဖွဲ့နှင့် နွေရာသီအားကစားသင်တန်းဆင်း သင်တန်းသူများကို ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အမျိုးသား(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း(၁၂)သင်းတို့ဖြင့် (၂၀-၆-၂၀၂၆) ရက်နေ့မှ (၂၃-၆-၂၀၂၆)ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုထက် (ပြန်/ဆက်)