ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဟင်္သာတ ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက် ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ဘွဲ့နှင်းသဘင်ခန်းမတွင် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

​ဟောပြောပွဲတွင် ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်  ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှုး ဦးဇော်မင်းက ဟောပြောပွဲပြုပ်လုပ်ရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း၊ ဒုခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောဆွေးနွေးခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက စာသုံးသူအခွင့်အရေးများနှင့် ဆက်လက်လျဉ်း၍ စုံစမ်း၊ မေးမြန်း၊ တိုင်ကြားနိုင်သည့် CONSUMER CALL CENTER သို့ စပ်းသပ်ခေါ်ဆိုခြင်းများအား ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) မှ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌနမှူးများ၊  ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)