ဖျာပုံ ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၉) နာရီခွဲအချိန်က အဆိုပါကျောင်း ရာပြည့်ဆောင်ခန်းမ၌ ပြုလုပ်ပေးအပ်ခဲ့ကြသည်။
အဆိုပါကျောင်းသား/သူများ လက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်များ ထုတ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ပြုံးပြုံးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်များ ဆောင်ရွက်ပေးရာသို့ လာရောက်ကြည့်ရှုအားပေး၍ နိုင်ငံစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်များအား ကျောင်းသား /သူ(၁၂၅) ဦးအား နေခြင်းပြီး လက်ဝယ်သို့ ပြုလုပ်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၀)နှစ်အထက် ကျောင်းသား/သူများအား (၃)ရက်တိတိ နိုင်ငံစိစစ်ရေးကတ်ပြားများ ဆက်လက်ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)