မြောင်းမြသူနာပြုသင်တန်းကျောင်း၌ ဂျူတီကုတ်နှင့် ဦးဆောင်အပ်နှင်းခြင်း အခမ်းအနားကျင်းပ

မြောင်းမြ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သူနာပြုသင်တန်းကျောင်း၌ ဂျူတီကုတ်နှင့် ဦးဆောင်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁း၀၀) နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် သူနာပြုသင်တန်းကျောင်းမှ ကျောင်းသူလေးများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်က အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက ဂျူတီကုတ်နှင့် ဦးဆောင်များ အပ်နှင်းခဲ့သည်။ ဆက်လက် သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သူနာပြုသစ္စာအဓိဌာန် (၈) ချက်ရွတ်ဆိုခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက ထူးချွန်ဆုရရှိသူများအား  ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဇေယျာ(ပြန်/ဆက်)