မိုးနဲ ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့် ကျောင်းနေအရွယ်ကလေးများအတွက် placement Test(အထူး) စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲသို့ ကျောင်းပြင်ပရောက်ရှိနေကြသည့် Grade-2မှ Grade-5အထိ ကျောင်းသား၊ကျောင်းသူ(၁၅)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ မြို့နယ်ပညာရေးမှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ)တို့က လိုက်လံကြည့်ရှုကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အထူးစာမေးပွဲကို ဇွန်လ(၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ ဘာသာရပ်အလိုက်ဖြေဆိုသွားမည်ဖြစ်ပြီး ဇူလိုင်လ(၁)ရက်နေ့၌ အောင်စာရင်းထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ရာ placement Test (အထူး) စာမေးပွဲတွင်အောင်မြင်ကြသည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံလက်ခံခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)