ရွှေတောင်မြို့နယ်၊ အမှတ် (၁) အထည်စက်ရုံရှိ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကျင်းပ

ရွှေတောင် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရွှေတောင်မြို့နယ်၊ အမှတ် (၁) အထည်စက်ရုံ ရွှေတောင်ရှိ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ အမှတ် (၁) အထည်စက်ရုံ ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ သင်တန်းဖွင့်အမှာစကားမိန့်ခွန်းမြွက်ကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ အမှတ် (၁) အထည်စက်ရုံရှိ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းသား (၃၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၅.၆.၂၀၂၆) ရက်နေ့မှ (၂၆.၆.၂၀၂၆) ရက်နေ့ထိ (၂) ပတ်အတွင်း မီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေးပညာ၊ မီးခိုးတွင်းသွားလာလှုပ်ရှား B.A Set အကြောင်းမီးသတ်ယာဥ်များ ကိုင်တွယ်အသုံးပြုပုံ၊ အပေါ့စားစက်ကလေးကိုင်တွယ်အသုံးပြုခြင်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)