တံတားဦး ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံ စားသောက်ကုန်များအား ယနေ့နံနက် ၇နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးအနီးတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာ၌ တံတားဦးခရိုင်/မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဆန်ကုန်သည်များ အသင်း၊ ဆီကုန်သည်များအသင်းနှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများအတွက် လက်ရှိကာလပေါက်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းလျှော့ချ၍ ရောင်းချခဲ့ရာ အမဲသားအချိန် ၂၅ ပိဿာ၊ ဝက်သား အချိန် ၂၅ ပိဿာ၊ ကြက်သား ၂၀ ပိဿာ၊ ကြက်ဥ ၁,၅၀၀ လုံး၊ စားဆီ ၁၁၀ ပိဿာ၊ ဆန် ၂၄၀ ပြည်တို့ကို စားသုံးများ၏ လက်ဝယ်အရောက် ရောင်းချပေးကြောင်းသိရသည်။
အဆိုပါရောင်းချနေမှုအား ခရိုင်စီမံခန့်ခွဲရေးအုပ်ချုပ်ချုပ်ရေးဦးစီးဌာန အဖွဲ့ဝင်များ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်မေသိုက်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုအားခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)