မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)၌မြန်မာနိုင်ငံကြက်ခြေနီအသင်း တိုင်းဒေသကြီးလူငယ်ကြက်ခြေနီဖိုရမ် ဖွင့်ပွဲကျင်းပ

ချမ်းအေးသာစံ ဇွန် ၁

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)ရှိ ရတနာပုံခန်းမဆောင်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း တိုင်းဒေသကြီးလူငယ်ကြက်ခြေနီဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးလှကြွယ်တက်ရောက်ခဲ့သည်။

အခမ်းအနားတွင်  တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးလှကြွယ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ကြက်​ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်က လူငယ်ကြက်ခြေနီဖိုရမ် ကျင်းပရခြင်း၏ ရည်ရွယ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ICRC မန္တလေးရုံးမှ Head Of delegation Mr. Ross နှင့် IFRC မန္တလေးရုံးမှ Head Of delegation Dr. Soe Htet တို့မှ နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ကြက်​ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်၊ ICRC မန္တလေးမှ Mr. Ross၊ IFRC မန္တလေးမှ Dr.Soe Htet၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာမြင့်မိုရ်စိုး၊ တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေလင်းအောင်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီလူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)