သဲကုန်းမြို့နယ်တွင် စိတ်အပန်းဖြေခြင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှု အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

သဲကုန်း ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှကြီးမှူး၍ စိတ်အပန်းဖြေခြင်းဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှု အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း (ဆင်မြီးဆွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ) ဥက္ကဋ္ဌ ဦးတင်ဦးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ) မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်ကျော်က ကျောင်းသား/ ကျောင်းသူများအား  စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း၏ အခြေခံသဘောတရားများ၊ စိတ်ကိုတည်ငြိမ်အောင်ပြုလုပ်ပေးခြင်းနှင့် လိုအပ်ချက်နဲ့စိုးရိမ်ပူပန်တတ်သောအကြောင်းအရာများ၊ ပြဿနာများကို လက်တွေ့ကျကျဖြေရှင်းနည်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ တာဝန်ရှိသူများက စိတ်အပန်းဖြေခြင်းဆိုင်ရာလှုပ်ရှားမှု လေ့ကျင့်ခန်းများ၊ ဆောင်ရွက်ရမည့်အကြောင်းအရာများအား လက်တွေ့သင်ကြားသရုပ်ပြပေးခဲ့ကြကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)