သထုံ ဇွန် ၁၃
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ခွေးရူးရောဂါကာကွယ်ရေးအသိပေးဟောပြောခြင်း၊ အိမ်မွေးခွေးနှင့် ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဥမ္မာနှင်းနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာခွန်မင်းမောင်တို့က ခွေးရူးရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါကူးစက်သည့် နည်းလမ်းများ၊ ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းဆိုင်ရာများအား အသိပညာပေးဟောပြောပြီး အသက်သုံးလနှင့်အထက် အိမ်မွေးခွေး (၂၀) နှင့် ကြောင် (၄) ကောင်တို့အား ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးကာ ဆေးထိုးမှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)