ပွင့်ဖြူမြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေး

ပွင့်ဖြူ ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းကို ဇွန် ၁၂ ရက်နေ့က ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူရ ဦးဆောင်၍ ဝန်ထမ်းများအဖွဲ့က ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၄၅ ဦးကို လိုအပ်သော အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး