နတ်တလင်း ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် မိုးစပါးလျာထားချက်ကျော်လွန်စိုက်ပျိုးနိုင်ရေး၊ စပါးခွံဖြင့်မြေဩဇာ ထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးကဏ္ဍတွင် အသား၊ ငါးများတိုးချဲ့ မွေးမြူနိုင်စေရေးနှင့် စီးပွားဖြစ်မွေးမြူနိုင်ရေး၊ ဒေသတွင်းကုန်စျေးနှုန်းကျဆင်းရေး၊ စိုက်ပျိုးမြေများ မဆုံးရှုံးစေရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ကျောက်တက်ရောက်နိုင်မှု ရာခိုင်နှုန်းမြင့်မာစေရေး၊ မြို့၊ရွာလုံခြုံရေးကို အလေးထားဆောင်ရွက်ရန်နှင့် မြို့ရွာသန့်ရှင်းသာယာလှပစေရေးနှင့်အရိပ်ရ အပင်များကို စိုက်ပျိုးနိုင်စေရေး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက်ဌာနဆိုင်ရာအကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လိုအပ်ချက်များကိုမေးမြန်းဆွေးနွေး ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)