ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

ဟင်္သာတ ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက် ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေး ကျောင်းဝန်းအတွင်း၌ မိုးရာသီ‌သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းများကို ယမန်နေ့က အဆိုပါကျောင်းတွင် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်‌အောင်ဦးဆောင်၍  ဟင်္သာတခရိုင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး၊ ဒေါက်တာနေခြည်ထက်ထက်လင်းအောင်နှင့် သူနာပြုဆရာမများက ဇွန်လ ၁၀ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကွန်ပျူတာတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများအား  ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးနှံပေးခြင်းနှင့် ယမန်‌နေ့က ဟင်္သာတမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာဦးဆောင်သော အဖွဲ့ဝင်များက ကျောင်းဝန်းအတွင်း၌ မိုးရာသီ‌သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေကန်များ၊ ရေမြောင်းများ၌ အဘိတ်ဆေးခတ်ခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်