ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်အသိပညာပေးဟောပြောပွဲကျင်းပ

​ပြည် ဇွန် ၁၃

​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် “နယ်လှည့်အသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က မူယာပင်ကျောင်းတွင်လည်း‌ကောင်း၊ နေ့လယ်ပိုင်းတွင် တေဇမူလွန်ကျောင်းတို့တွင်လည်းကောင်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာအခမ်းအနားတွင် အ.ထ.က မူယာပင်ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ ထိုသို့အသိပညာပေးဟောပြောရာတွင် ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှန်းလဲ့‌ဝေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် လူငယ်မောင်မယ်များ စာပေဖတ်ရှုသည့် အလေ့အထရှိစေရေး၊ ဗဟုသုတရှာဖွေတတ်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာသူများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ကဏ္ဍစုံလင်စွာဖြင့် ရှင်းလင်းပြောကြားပြီး၊ နေ့လယ်ပိုင်းတွင် တေဇမူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက စာပေဖတ်ရှုခြင်းအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ ကျောင်းသားလူငယ်များ ဗဟုသုတတိုးပွားရေးအတွက် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ဝဏ္ဏထွန်း (ပြန်/ဆက်)