ဖောင်းပြင် ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူလူထုသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်က အ-ထ-က (ခွဲ) ပိုးစာကုန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးဇော်လွင်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အခြေအနေများနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်၊ ငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါက ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေးပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာနှင့်ပတ်သက်၍ လက်တွေ့မီးငြှိမ်းသတ်နည်းလေ့ကျင့်ခြင်းနှင့် ရေဘေးအန္တရာယ်၊ ငလျင်ဘေးများအန္တရာယ်များဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လက်တွေ့ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)