ပခုက္ကူ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတော်အစိုးရ၏လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးနှင့်ပညာရေးဝန်ထမ်းများစုပေါင်း၍ ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာကျောင်းရှိ ကျောင်းသား/ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ (၁၈၅)ဦး ပြီးစီးခဲ့ကြောင်း၊ လုပ်ငန်းဆောင်ရွက်နေမှုအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုကာ နေ့ချင်းပြီးဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များအား ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)