သဲကုန်း ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့က သတင်းရေးသားနည်း သင်တန်းဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက မိမိတို့ရုံးမှဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားပြီး အရည်အသွေးပြည့်မီသော သတင်းကောင်းများရေးသားတက်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ (ကျွမ်းကျင်-၂) (ဓာတ်ပုံ) အင်အားပြ ဦးဝေယံကျော်က သတင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ သတင်းကောင်းတစ်ပုဒ်ရရှိစေရန် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သတိထားရမည့်အချက်များ၊ သတင်းသမားတစ်ယောက်၏ ကျင့်ဝတ်စည်းကမ်းများ၊ သတင်းအချက်အလက်စုဆောင်းခြင်းနှင့် “ဘ” ခြောက်လုံးဖြင့် အခြေခံသတင်းရေးသားနည်း၊ မိမိတို့ဒေသတွင် ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကိုရှာဖွေ၍ ရေးသားတက်စေရန် စသည့်အကြောင်းအရာများ၊ သတင်းဓာတ်ပုံနှင့် မီဒီယာအမျိုးအစားများ၊ သတင်းဗီဒီယို ရိုက်ကူး တည်းဖြတ်နည်းအကြောင်းအရာများကို ပြန်လည်မျှဝေပေးခဲ့ပြီး ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါသင်တန်းကို သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ ဝန်ထမ်း (၄) ဦးအား ဇွန်လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ (၂) ရက်ကြာဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)