ဝေါ ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဇွန်လ (၁၁) ရက်နေ့ မွန်းလွဲ (၁) နာရီက အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အထက်ပန်းညို၌ ကျင်းပခဲ့သည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အထက်ပန်းညိုမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ြဖူဖြူဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန် ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ပေါင်းဆက်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးပြီး၊ အ.ထ.က (ခွဲ) အထက်ပန်းညိုကျောင်း မှ Grade (11) ကျောင်းသူ မချိုဝေအောင်က ကင်ဆာရောဂါအကြောင်း ခေါင်းစဥ်ဖြစ်လည်းကောင်း၊ Grade (11) ကျောင်းသား မောင်လွင်မိုးက လေထုအကြောင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade (11) ကျောင်းသူ မအေးအေးအောင်က လူတိုင်းကျုံးဝင်ပညာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade (11) ကျောင်းသား မောင်ဆက်လှိုင်ဖြိုးက လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade (11) ကျောင်းသူ မနေခြည်ရွှေမိုးက ခန္ဓကိုယ်ရဲ့လျှို့ဝှက်ချက်များ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ဗဟုသုတ စာအုပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။
အာကာ (ပြန်/ဆက်)