သံဖြူဇရပ် ဇွန် ၁၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral CholeraVaccine - OCV) တိုက်ကျွေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက အောင်သုခရပ်ကွက်ရှိ စုရပ်(၄) ခုတို့တွင်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine-OCV) တိုက်ကျွေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်၏ စီစဉ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဒေါက်တာမင်းသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်အတွင်းရှိ စုရပ်( ၄)နေရာတို့တွင် ပြည်သူစုစုပေါင်း(၆၅၅)ဦးကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးများ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)