မြို့သစ်မြို့နယ်၌ အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မြို့သစ် ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်းရောင်းချလျက်ရှိသည့် အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များ၊ မြို့မစျေးတာဝန်ခံနှင့်ဝန်ထမ်းများပူးပေါင်း၍ အမဲသား၊ ဝက်သား၊ ငါး၊ ဆိတ်သားများ သန့်ရှင်းလက်ဆတ်မှုရှိစေရေး၊ အသားငါးများစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်နှင့် အလေးချိန်ခွင်ပြည့်ဝစွာချိန်တွယ်ခြင်းဖြင့် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းများပြုလုပ်ရန်တို့ကို hand-speakerဖြင့် ကြေညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း စျေးတာဝန်ခံတစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း   ပြန်/ဆက်