နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအစီအစဉ်ဖြင့်(SMU) ချေးငွေများထုတ်ချေးပေး

နတ်မောက် ဇွန် ၁၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ ဝင်ငွေတိုးပွားရေးလုပ်ငန်းမှ  ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းအစီအစဉ်ဖြင့် (SMU)ချေးငွေများထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျေးရွာတွင်ပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အင်ကုန်းကျေးရွာ၌ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း(SMU) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် ဝင်ငွေတိုပွားရေးကဏ္ဍ၌ စိုက်ပျိုးရေးနှင့် အခြားကြိုးကျစ်လုပ်ငန်းများအတွက် မတည်ရင်းနှီးငွေထုန်ချေးပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်မြင့်မြင့်ချိုထံကသိရ သည်။

အဆိုပါ ချေးငွေထုတ်ပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးတို့က စိုက်ပျိုးရေးတောင်သူများနှင့် ကြို့ကျစ်လုပ်ကိုင်သူများအား (SMU)အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ဝင်ငွေတိုးပွားရေးကဏ္ဍအတွက် ငွေများထုတ်ချေပေးခြင်းကို အင်းကုန်ကျေးရွာရှိ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဝင်အဖွဲ့များနှင့် ကျေးရွာသူ၊ ကျေးရွာသားများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

လှဝင်း