တောင်တွင်းကြီး ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်စည်ပင်သာယာစျေးနှင့် ဒက္ခိဏစျေးအတွင်းရောင်းချလျက်ရှိသည့် အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့နံနက် (၈) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များ၊ မြို့မစျေးတာဝန်ခံနှင့်ဝန်ထမ်းများပူးပေါင်း၍ အမဲသား၊ ဝက်သား၊ ငါး၊ ဆိတ်သားများ သန့်ရှင်းလက်ဆတ်မှုရှိစေရေး၊ အသားငါးများစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်နှင့် အလေးချိန်ခွင်ပြည့်ဝစွာချိန်တွယ်ခြင်းဖြင့် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းများ ပြုလုပ်ရန်တို့ကို hand-speakerဖြင့် ကြေညာပေးခြင်းနှင့်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)