မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရပ်ကွက်အတွင်းအလှည့်ကျစနစ်ဖြင့် သန့်ရှင်းရေးဆောင်ရွက်ပေး

မြို့သစ် ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ဒေသခံပြည်သူများ စည်းကမ်းတကျအမှိုက်စွန့်ပစ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ မြို့ပေါ်(၅)ရပ်ကွက်အတွင်း မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ပုံမှန်ဆောင်လျက် ရှိသည်။

ထိုသို့မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများပူးပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် မြို့တွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ထားရှိသည့် စည်ပင်သာယာစျေးပတ်ဝန်းကျင်လမ်းဘေး(ဝဲ/ယာ)ရှိ အုတ်ရေနုတ်မြောင်းများရှိ သဲနုန်းနှင့်ရွှံ့နွံများ၊ သစ်ရွက်ခြောက်များနှင့် အမှိုက်သရိုက်များ၊ တောင်တွင်းကြီးမြို့သစ်၊ နတ်မောက်ကားလမ်းဘေးဝဲ/ယာရေစီးရေလာကောင်းမွန်စေရေးအတွက် သဲနုန်းနှင့်ရွှံနွံများဆယ်ယူရှင်းလင်းခြင်း၊ သလင်းခြင်း၊ သစ်ရွက်ခြောက်များနှင့်အမှိုက်များရှင်းလင်းခြင်းများကို ရေစီးရေလာကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေးဆိုးကျိုးအန္တရာယ်ကင်းဝေးစေရန် စနစ်တကျစုပေါင်းဆောင်ရွက်ခဲ့သည်။

မြို့သစ်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပေါ်(၅)ရပ်ကွက်အတွင်းနှင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရန် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များကောက်ယူရှင်းလင်းခြင်း၊ မြို့တွင်းရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ မြို့တွင်းလမ်းဘေးပလက်ဖောင်းများ သစ်လွင်တောက်ပစေရန်ဆေးသုတ်ခြင်း၊ မြို့ပြလှပစေရန်အတွက်(We Love Myo thit) ဆိုင်းဘုတ်ဘေးပတ်လည်း၌ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ မြို့တွင်းစိမ်းလန်းစိုပြည်စေရန်စိုက်ပျိုးထားရှိသော Flower Box များ ဆေးသုတ်ခြင်းနှင့်ပန်းအလှပင်များရေဖျန်းခြင်း၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေး၌ အပတ်စဉ်ဈေးသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပြည်သူလူထုစနစ်တကျအမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်များလိုက်လံသိမ်းဆည်းပေးခြင်းစသည့် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိထံမှ သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)