လပွတ္တာ ဇွန် ၁၁
အစိုးရသစ်၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းကို လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လ/မြောက် ကျေးရွာအထက(ခွဲ)ကျောင်းတွင် ယနေ့နံနက်က ပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းကို လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦး၏ကြီးကြပ်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစံရင်မော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်လင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူ (၁၃၈) ဦးတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းအား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)