ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် သက်ငယ်မုဒိန်းမှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲပြုလုပ်

ငပုဝောာ ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် သက်ငယ်မုဒိန်းမှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့်၊ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဦးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ရဲတပ်ဖွဲ့ဒုရဲမှူး ဂျော်ကမ်စမ်က မူးယစ်ဆေးဝါး စတင်ပေါ်ပေါက်လာခဲ့ပုံ ဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသများ၊ နိုင်ငံအတွင်း နည်းလမ်းပေါင်းစုံ အသုံးပြုလျက် တရားမ၀င်မူးယစ်ဆေး၀ါးနှင့် ဆက်စပ်ပစ္စည်းများ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ရှာဖွေဖမ်းဆီးအရေးယူဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကိုလည်းကောင်း၊ သက်ငယ်မုဒိမ်းမှု လျော့နည်း ပပျောက်စေရေးနှင့်ပတ်သက်၍ မိဘအုပ်ထိန်းသူများ သတိပြုလိုက်နာရမည့်အချက်များ၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး ကလေးငယ်များ သတိပြုရမည့်အချက်နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကိုပါ ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံ တာ၀န်ရှိသူများက မှုခင်းကျဆင်းရေး အသိပညာ‌ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)