ကျွန်းလှမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက် (VDP) ဖြင့် ကျေးရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းဆောင်ရွက်

ကျွန်းလှ ဇွန် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ကာလ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက် (VDP)ဖြင့် ကြည့်ကုန်းကျေးရွာ၌ ကျေးရွာတွင်း လမ်းဂျင်းမြေခင်းခြင်းလုပ်ငန်း အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုလမ်းအရှည် ၁၁၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်ကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရန်ပုံငွေကျပ် ၁၅ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၂ ဒသမ ၀၃ သန်း၊ စုစုပေါင်း ၁၇ ဒသမ ၀၃ သန်းဖြင့်ဆောင်ရွက်ရာ ယခုအခါလုပ်ငန်းများ ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါကျေးရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းလုပ်ငန်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦစီးဌာန တာဝန်ရှိသူများ အနီးကပ်ကြီးကြပ်ပြီး ကျေးရွာဖွံ့ဖြိုး‌ရေးလုပ်ငန်းကော်မတီနှင့် ကျေးရွာသူရွာသားများ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ