ချောက် ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ တိုင်းရင်းသားရေးရာစာဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူ ဒေါ်လဝန်းဖြူသန့်က တိုင်းရင်းသားရေးရာစာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ ဓလေ့အကြောင်းအရာတို့အား ရှင်းလင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာဖတ်ခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ တက်ရောက်လာသော တိုင်းရင်းသူတစ်ဦးမှ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှုနှင့် လူနေမှုဘဝအကြောင်းတို့အားလည်းကောင်း အမျိုးသမီးရေးရာအဖွဲ့ဝင်တစ်ဦးမှ စာပေဖတ်ရှုခြင်းအလေ့အထနှင့် စာပေဖတ်ရှုခြင်းမှရရှိသည့် အကျိုးကျေးဇူးအကြောင်းကို စာဖတ်ဝိုင်းတက်ရောက်လာသည့် သူများနှင့် အတူအပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)