နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကြို့ပင်ကောက် ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အ.မ.က ပန်းတင်ကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ‌‌ယနေ့က ဆောင်ရွက်ခဲ့သည်။

.မ.က ပန်းတင်ကျောင်းသို့ တက်ရောက်နေကြသော ကျောင်းသား ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ လူငယ်ရေးရာအသိပညာပေးဟော‌ပြောခြင်းနှင့် နံရံကပ်စာ‌စောင်များပြသခြင်း၊ ရုပ်ပုံစာအုပ်များဖြင့် ပုံပြောခြင်း၊ စာအုပ်စာစောင်များပြသ၍ စာအုပ်များ ဖတ်ရှုစေခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ရရှိ‌စေရန်အတွက် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာအုပ်ပြပွဲနှင့် နည်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းတို့ကို လစဉ်နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း