ပုလော ဇွန် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာ မူ/လယ်အဆင့် ကျောင်းသား/ကျောင်းသူများ Placement Test (အထူးအစီအစဉ်) ဖြေဆိုရန် ခုံအမှတ်များကို ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေငြာခဲ့ရာ မြို့နယ်အတွင်း ဖြေဆိုရန် လာရောက်လျှောက်လွှာတင်ထားသည့် ကျောင်းသား/ကျောင်းသူများ မိဘများ ပျော်ရွှင်စွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ပုလောမြို့နယ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေပြီး၊ မူလတန်းအဆင့်/ အလယ်တန်းအဆင့် ကျောင်းသား/သူများ ၃၁-၅-၂၀၂၆ ရက်နေ့တွင် အသက် ၁၅-နှစ် ၃-လ ပြည့်ပြီး၊ Placement Test (အထူးအစီအစဉ်) ဖြေဆိုရန် Grade-1 မှ Grade-8 အထိ လျှောက်ထားသူ ၉.၆.၂၀၂၆ ရက်နေ့အထိ လျှောက်ထားသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၃၅ ဦးရှိကြောင်း သိရသည်။
လျှောက်ထားသည့် ကျောင်းသား/သူများ အသက်အလိုက် ဖြေဆိုခွင့်ရှိသော အတန်းများမှာ အသက် ၇-နှစ် Grade-1 ၊ အသက် ၈-နှစ် Grade-2၊ အသက် ၉-နှစ် Grade-3 ၊ အသက် ၁၀-နှစ် Grade-4၊ အသက် ၁၁ -နှစ် Grade-5 ၊ အသက် ၁၂-နှစ် Grade-6၊ အသက် ၁၃-နှစ် Grade-7 ၊အသက် ၁၄-နှစ် မှ ၁၅-နှစ် ၃-လ အထိ Grade-8 တို့ဖြစ်ကြောင်း၊ စာမေးပွဲအား ၁၅-၆-၂၀၂၆ ရက်နေ့မှ ၂၀-၆-၂၀၂၆ရက်နေ့အထိ ဘာသာရပ် အလိုက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လျှောက်လွှာများကို ၁၄.၆.၂၀၂၆ ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပုလော (ပြန်/ဆက်)