ရွှေတောင် မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များမှ ယမန်နေ့နံနက်ပိုင်းက ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မီးလောင်ကျေးရွာအုပ်စု၊ ဝါးလည်ကျေးရွာကွင်းအမှတ် (၄၁၇) ကိုးတွင်းစဥ်ကွင်း အတွင်းတောင်သူ ဦးတင်စိန်၏ လယ်မြေ (၅) ဧကတွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ခင်း (Home Garden) စိုက်ပျိုးထားမှု အခြေအနေများ၊ ဇယ်မကျေးရွာအုပ်စု၊ ရေမျက်ကျေးရွာ ကွင်းအမှတ် (၄၉၀) ရေမျက်ကွင်းအတွင်း တောင်သူ ဒေါ်တင်မိုးသိန်း၏ လယ်မြေ(၇) ဧကတွင် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် စိုက်ပျိုးထားမှုအခြေအနေများ၊ စိုက်ပျိုးရေးရွာသစ်ကျေးရွာလတိုင်းဒေသကြီး နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူးရေးလုပ်ငန်းလုပ်ကိုင်သူ ဦးယုလွင်၏ အသားတိုးဝက်(၅၀) ကောင်ရေမွေးမြူထားရှိမှုအခြေအနေများ၊ စိုက်ပျိုးရေးရွာသစ်ကျေးရွာကွင်းအမှတ် (၄၉၀) ရေမျက်ကွင်းအတွင်း တောင်သူ ဦးဝင်းဇော်ဟိန်း၏လယ်မြေ (၃) ဧကတွင်တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ခင်း (Home Garden)စိုက်ပျိုးထားမှုအခြေအနေများ၊ အိုးထိမ်းကုန်းကျေးရွာအုပ်စု၊ မြသီတာကျေးရွာတွင် မွေးမြူရေးလုပ်ကိုင်သူ ဦးအောင်ကိုမင်း၏ ဆိတ်ကောင်ရေ(၆၀)ကောင်ရေ မွေးမြူထားရှိမှု အခြေအနေများ၊ မင်းကွန်းကျေးရွာအုပ်စု၊ တပ်သစ်ကျေးရွာကွင်းအမှတ် (၄၂၃B)၊ အင်ကြင်းစင်ကွင်းအတွင်း တောင်သူဦးသိန်းဝင်း၏ လယ်မြေတွင် မှော်ဘီ- ၂စပါး မျိုးစိုက်ပျိုးထားမှုအခြေအနေများ၊ ယွန်းတန်းရပ်ကွက်၊ အနောက်လက်ခုပ်တန်းလမ်းတွင် တိုင်းဒေသကြီး နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်စက်ရက္ကန်းလုပ်ငန်း (MSMEs) လုပ်ကိုင်သူ ဦးကျော်မျိုးလင်း၏ စက်ရက္ကန်းစင်များဖြင့် စည်းလုံချည်ယက်လုပ်နေသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန် / ဆက်)