ထန်းတပင်(ပဲခူး) ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ သွေး တိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၊ ရိပ်သာဆောင်ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်နှင့်အနီးအနားရှိ အသက် (၄၀) နှင့်အထက် သက်ကြီးရွယ်အိုများ၊ သွေးတိုး၊ ဆီးချို၊ နှလုံး သွေးကြောကျဉ်းရောဂါအခံရှိသူများ၊ နာတာရှည်ဝေဒနာရှင်များ စိတ်အေးချမ်းသာစွာ ကျန်းမာရေးစစ် ဆေးမှုများခံယူနိုင်ရန် စမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် ဆေးကုသမှုများ ခံယူနိုင်စေရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများကို မြို့နယ်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအကြောင်းများကို အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)