ကျွန်းလှ ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်၊ ရက် (၁၀၀) စီမံချက်ကာလ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက် (VDP)ဖြင့် အင်းဂေါင်းကျေးရွာ၌ ကျေးရွာတွင်းလမ်းဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်းလမ်းဂျင်းခင်းခြင်း အရှည် ၁၆၅၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ရွာသားများကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) ရန်ပုံငွေကျပ် ၁၅ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၄ ဒသမ ၁၇ သန်း၊ စုစုပေါင်း ၁၉ ဒသမ ၁၇ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၇၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဦးရဲကိုဝင်း (AE) က ပြောကြားသည်။
မျိုးဝင်းညို ကျွန်းလှ