လပွတ္တာမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

လပွတ္တာ   ဇွန်    ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (‌၃)မိုင်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ခရိုင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပျိုးပင်များကို ပေးအပ်ခဲ့ရာတက်ရောက်လာကြသူများက လက်ခံရယူခဲ့သည်။ အဆိုပါသစ်ပင်စိုက်ပွဲတော်သို့ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ မြို့နယ်မျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ (၂၅၀) ခန့်တက်ရောက်ခဲ့ကြပြီး ကျွန်း( ၅၀)၊ ပျဉ်းကတိုး (၁၀၀)၊  ခရေ( ၅၀)၊ ကံ့ကော်(၅၀)၊ ရေတမာ (၁၀၀)၊မန်ဂျန်ရှား (၂၀၀)၊ စုစုပေါင်း ၅၅၀ ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)