ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတများတိုးပွား စေရန်နှင့် လူတော်လူကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ဇီးကုန်း ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတများတိုးပွား စေရန်နှင့် လူတော်လူကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီက သစ်နဖားရွာအခြေခံပညာ အလယ်တန်း ကျောင်း၌ ပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျောင်းသား/ ကျောင်းသူများအား မိမိဘဝအတွက် ရည်မှန်းချက်ပန်းတိုင်ထားရှိပြီး ပညာကိုကြိုးစားသင်ယူသင့်ပုံနှင့် ကျောင်းစာသင်ယူရုံသာမက အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာ ရန်လိုအပ်ပါကြောင်းနှင့် စာဖတ်ခြင်းဖြင့် ရရှိစေနိုင်သည့်ကောင်းကျိုးများကို အသိပညာပေးရှင်းလင်းဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုရရှိနိုင်သည့် သုတ၊ ရသစာအုပ်စာ စောင်များ ခင်းကျင်းပြသငှား ရမ်းပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် နှင့်မူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ ရေးအသိပညာပေး နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)