ရေကြည်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရက် (၁ဝဝ) စီမံချက်ဖြင့်  လူထုကျန်းမာရေးလုပ်သား မွမ်းမံသင်တန်းနှင့် အရံသားဖွား ဆရာမ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရေကြည် ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းကျန်း မာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကျေးလက်ဒေသအထိ လွှမ်းခြုံပေးနိုင်ရန်ရည်ရွယ်၍ ကျေးရွာများရှိ စေတနာဝန်ထမ်းကျန်းမာရေးလုပ်သားများအား မွမ်းမံသင်တန်းပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရေကြည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးရေးရာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းခွဲဥက္ကဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို နှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြား‌ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)